SJ WorldNews - шаблон joomla Авто

ကျိုင်းလပ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား လက်နက် ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိ

Monday, 15 April 2019 18:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် တာလေမြို့ဘက်မှ ကျိုင်းလပ်မြို့ဘက်သို့ မြင့်အောင်(ဘ)ဦးမိုင်နော် မောင်းနှင်လာသော ကလစ် အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆ ပြား (ကာလတန်ဖိုးခန့်မှန်းငွေကျပ် ၁၄၄၀၀၀ )နှင့် ၎င်းင်း၏ ခါးတွင် ၀ှက်ထားသော သြစတြးလျနိုင်ငံလုပ် Glock အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၃ တောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး မိုင်းပါလျှိုး ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

Read 64 times Last modified on Monday, 15 April 2019 18:16