SJ WorldNews - шаблон joomla Авто

လားရှိုးမြို့၊ တိုင်းရင်းသား ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲပြုလုပ်

Wednesday, 17 April 2019 09:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်၊ တိုင်းရင်းသားယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ကိုးကန့် ယဉ်ကျေးမှုကွင်း၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ

သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေး ကြသည်။  ထို့နောက် ယဉ်ကျေးမှုအဖွဲ့များက စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်သီချင်းဖြင့်  စုပေါင်းကပြဖျော်ဖြေကြပြီး တိုင်းရင်းသား ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တက်ရောက် လာကြသူ များအား စတုဒိသာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပြီး  အတာရေများပက်ဖျန်းခဲ့ကြကြောင်း  သတင်း ရရှိသည်။                        

(၁ဝဝ)

Read 47 times