SJ WorldNews - шаблон joomla Авто

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ ဧရာဝတီ မြစ် ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ရန် ထွက်ခွာ

Sunday, 12 May 2019 09:14 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် မြစ် တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ အမှတ်(၄)ရေတပ် ဗောတံတားမှ ထွက်ခွာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံ ပြည်သူများအား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ အရိုး ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ သွားရောဂါ၊ အထွေထွေ ရောဂါတို့ နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း နှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ် ကုသခြင်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့ပြင် အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက ဆေးရုံရေယာဉ် ပေါ်၌ လူနာ ၃ဝ ဦး အထိ တင်ဆောင် ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင် များလည်း ပါရှိကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 20 times Last modified on Sunday, 12 May 2019 09:36