SJ WorldNews - шаблон joomla Авто

တောင်ငူမြို့၊ သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲ တော်၊ စေတီတော် မြတ်ကြီး၏ အောင်မင်္ဂလာ ခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင်ရွှေပြား နှင့် မျက်ပါး ရွှေကပ်လှူခြင်း၊ နေပူခံစကျင် ကျောက်ပြားခင်းခြင်းနှင့် ရွှေမင်္ဂလာ ကန်တော် ပြု

Sunday, 12 May 2019 10:08 font size decrease font size decrease font size increase font size increase font size

တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ်လှူခြင်း၊ နေပူခံစကျင် ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချမင်္ဂလာပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁)နှစ် မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်၊ စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာ ခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင် ရွှေပြား နှင့် မျက်ပါးရွှေကပ် လှူခြင်း၊ နေပူခံစကျင် ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာ ကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် မြတ် ကြီး၌ ပြုလုပ်ရာ တောင်ငူမြို့၊ အောင်မြင်ဇေယျုံ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝန အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော် မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဦးစွာ သံဃာတော်များ နှင့် တက်ရောက် လာကြသူများက တောင်ငူမြို့၊ သမိုင်းဝင် ရွှေဆံ တော် စေတီတော်မြတ်ကြီး (၄၄၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသစ်လှူဒါန်း ထား သည့် စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာ ခန်းမတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ ထို့ နောက် စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ် လှူခြင်း၊ နေပူခံ စကျင်ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာ ကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချ မင်္ဂလာကို ဆက်လက် ပြုလုပ်ရာ တက်ရောက် လာကြသူများက အောင်မြင် ဇေယျုံ ပရိယတ္တိ စာသင်တိုက် ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြသည်။ ယင်းနောက် တိုင်းမှူး နှင့် အလှူရှင်များက သံဃာတော်များအား နဝကမ္မ အလှူတော်ငွေ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အနုမောဒနာ တရားနာ ကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 29 times Last modified on Sunday, 12 May 2019 10:26