SJ WorldNews - шаблон joomla Авто

အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာရေကြောင်း ကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့်(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့တက်ရောက်ရန်တပ်မတော်(ရေ)မှစစ်ရေယာဉ်(ကျန်စစ်သား)နှင့်စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့စင်ကာပူနိုင်ငံသို့

Monday, 13 May 2019 08:09 font size decrease font size decrease font size increase font size increase font size

အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာရေကြောင်း ကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့်(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ စင်ကာပူနိုင်ငံသို့ ရောက်ရှိ

နေပြည်တော် မေ ၁၂

စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာ ရေကြောင်းကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့်(International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့ တက်ရောက်ရန်အတွက် တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ ပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့သည် ယနေ့ နေ့လယ်ပိုင်းတွင် စင်ကာပူနိုင်ငံ၊ ချန်ဂီရေတပ်ဆိပ်ခံ တံတားသို့ ရောက်ရှိ ဆိုက်ကပ်ခဲ့ပါသည်။

အဆိုပါ IMDEX Asia 2019 ကို စင်ကာပူနိုင်ငံ၌ မေ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၃ စင်း ပါဝင် တက်ရောက်ကြမည်ဖြစ်ပြီး သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ခြင်း လေ့ကျင့်ခန်းများနှင့် တက်ရောက်လာသည့် စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေး လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 19 times Last modified on Monday, 13 May 2019 11:14