SJ WorldNews - шаблон joomla Авто

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Monday, 13 May 2019 08:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၂

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ဓနချောင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၄၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂ဝ၂ ဦး၊ ခွဲစိတ်ရောဂါ ၁၁၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၆ ဦး၊ ကလေးရောဂါ ၇၈ ဦး၊ အရိုးရောဂါ ၁၄၁ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၂၉၇ ဦးနှင့် သွားရောဂါ ၂ဝ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ် လူနာ ၁၃ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၂၂ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၃၁၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 25 times Last modified on Monday, 13 May 2019 08:13