SJ WorldNews - шаблон joomla Авто

ပင်လုံမြို့ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 13 May 2019 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပင်လုံမြို့၊ မင်္ဂလာမွေတော် စာသင်တိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေး/စာပြန် ပွဲတော်ကြီးတွင် ပညာသင်ကြားနေသော သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါစာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၂၂ဝ ပါးနှင့် ဒေသခံပြည်သူ ၁၁၃ ဦးတို့အား အဆုတ်ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး သံဃာတော်များ အတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ အမှူးပြုသော ဆရာတော် သံဃာတော်များမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ တိုင်းမှူးနှင့် အဖွဲ့ဝင်များထံသို့ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 26 times Last modified on Monday, 13 May 2019 08:17