SJ WorldNews - шаблон joomla Авто

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ

Monday, 13 May 2019 08:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း လေ့လာရေးခရီး သွားရောက်ရန် လာရောက် တည်းခိုနေသည့် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)နှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) စခန်းပေါင်းစုံတို့မှသင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်သင်တန်းသား၊ သင်တန်းသူများ အဆင် ပြေစွာတည်းခိုနိုင်ရေး အတွက် အိပ်ဆောင်များ၊ စားရိပ်သာများ၊ ရေချိုးခန်းနှင့် အိမ်သာများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါသင်တန်းများ၌ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၆၂ဝ ဦး၊ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၆၄ဝ ဦးတို့သည် မေ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်များသို့ သွားရောက်လေ့လာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။          

(၁ဝဝ)

Read 29 times Last modified on Monday, 13 May 2019 08:20