SJ WorldNews - шаблон joomla Авто

ရေရှားပါးသည့် ကျေးရွာများသို့ စက်ရေတွင်းနှင့် ရေစုအုတ်ကန်များ လှူဒါန်းပွဲ ပြုလုပ်

Monday, 13 May 2019 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၂

နှစ်စဉ်နွေရာသီတွင်  ရေရှားပါးမှု အခက်အခဲနှင့်   ကြုံတွေ့နေရသော   ဒေသများရှိ ကျေးရွာများကို    သောက်သုံးရေ ရရှိစေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဦးဆောင်မှုဖြင့်   မေတ္တာရေစင်ရေရရှိရေး အသင်းမှ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောင်ဖီလာကျေးရွာ၊ ရမည်းသင်းမြို့နယ်၊ ဝါးတီးကျေးရွာနှင့် မလှိုင်မြို့နယ်၊ နယ်မြေ(၃)ရပ်ကွက်တို့တွင်   တူးဖော်ပေးခဲ့သည့်  ၄ လက်မ   အဝီစိစက်ရေတွင်း၊ သောက်ရေသန့်စက်နှင့် ရေစုအုတ်ကန်များကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ကျေးရွာများရှိရွာဦးကျောင်းများမှ ဆရာတော်များထံ ရေစက်ချလှူဒါန်းပြီး  ရေစက်ဖွင့်ပွဲ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင် များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက မိတ္ထီလာမြို့နယ်၊ တောင်ဖီလာကျေးရွာရှိ တူးဖော်ပြီးစီးသွားသည့် အနက် ပေ ၄၂ဝ ရှိ ၄ လက်မ စက်ရေတွင်းနှင့်  သောက်ရေသန့်စက် တို့ကို ရေဘားခလုတ် ဖွင့်လှစ်ပေးပြီး တောင်ဖီလာ ရွာဦးကျောင်းတိုက်တွင် သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ   စက်ရေတွင်းနှင့် သောက်ရေသန့်စက် လှူဒါန်းမှုအတွက် အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းချ အမျှဝေ၍  သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရမည်းသင်းမြို့နယ်၊ ဝါးတီးကျေးရွာရှိ တူးဖော်ပြီးစီးသွားသည့် အနက် ပေ ၈ဝဝ ရှိ ၄ လက်မစက်ရေတွင်းနှင့် ရေစုအုတ်ကန် တို့ကိုရေဘားခလုတ် ဖွင့်လှစ်ပေးပြီး ဝါးတီးကျေးရွာ၊ ရွာဦးကျောင်းတွင် သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ စက်ရေတွင်းနှင့် ရေစုအုတ်ကန် လှူဒါန်းမှုအတွက် အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေ၍ သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက်   တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်၊ ကန်တောင်အနောက် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂၄ဝ ဦးအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊  မျက်စိရောဂါ၊  နား/နှာခေါင်း/ လည်ချောင်းရောဂါနှင့် အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ Ultrasound  စမ်းသပ်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

အလားတူ မလှိုင်မြို့နယ်၊ နယ်မြေ(၃) ရပ်ကွက်တွင်လည်း စက်ရေတွင်းနှင့် ရေစုအုတ်ကန်အား မိတ္ထီလာ တပ်နယ်မှ တာဝန် ရှိသူများနှင့် အလှူရှင်များမှ သွားရောက်ဖွင့်လှစ်ခဲ့ကြောင်းနှင့် မေတ္တာရေစင် ရေရရှိရေး  အသင်းအနေဖြင့် ၂ဝ၁၉ ခုနှစ်၊ မတ် ၂၆ ရက်မှစတင်ကာ  ရေရှားပါးသည့် ဒေသများတွင် စက်ရေတွင်းနှင့် ရေစုအုတ်ကန်များကို ဖွင့်လှစ် လှူဒါန်းပေးခဲ့ရာ ယနေ့အထိ စက်ရေတွင်း ၁ဝ တွင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကာ ရေအခက်အခဲ ရှိသည့် အခြားကျေးရွာများတွင်လည်း ဆက်လက်တူးဖော် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။       

(၁ဝဝ)

Read 29 times Last modified on Monday, 13 May 2019 08:33