SJ WorldNews - шаблон joomla Авто

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်

Monday, 13 May 2019 08:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၂

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် အခြေခံပညာ ကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ ရပ်စောက်မြို့၊ အမှတ်(၁ဝ) အခြေခံပညာ မူလတန်းကျောင်းတို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် မှ နယ်မြေခံ တပ်မတော်သားများက မိုင်းဆတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် မိုင်းခုတ်ကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်းခွဲ(မိုင်းခုတ်)တို့တွင် လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သံဖြူဇရပ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မြိတ်မြို့နယ်၊ အခြေခံပညာ အထက်တန်း ကျောင်း(အုန်းတော)၊ အခြေခံပညာအထက် တန်းကျောင်းခွဲ(ရွှေပေး)၊ အခြေခံပညာအထက် တန်းကျောင်း ပနို(တပ်နယ်)၊ ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း (ညောင်းရမ်း)၊ ရေဖြူမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း(ကျောက္ကညှာ)၊ အခြေခံ ပညာမူလတန်းကျောင်း (ရွာသစ်)၊ သရက် ချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ မူလ တန်းကျောင်း(တီတွတ်ပြင်)၊ ပုလောမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း(နန်းတောင်)၊ တနင်္သာရီမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (အရှေ့မော်တုန်း)၊ ဘုတ်ပြင်းမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ဘုတ်ပြင်း)၊ ကရသူရိမြို့၊ အခြေခံပညာ အလယ်တန်း ကျောင်း(ကျောက်ထနောင်း)၊ ကော့သောင်း မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ကော့သောင်း)နှင့် ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(အောင် ဘာ)တို့တွင်လည်းကောင်း အသီးသီးစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ကျောင်း အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ abate ဆေးခတ်ခြင်းနှင့်  စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင် ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သွား ရောက် ကြည့်ရှု၍   လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

(၁ဝဝ)

Read 18 times Last modified on Monday, 13 May 2019 08:54