SJ WorldNews - шаблон joomla Авто

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

Wednesday, 15 May 2019 08:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၄

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာနှင့် အုန်းပင်ကျေးရွာသို့ သောက်ရေသန့်ဘူးကြီးများကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာ သို့ သောက်သုံးရေဂါလန် ၂၅ဝဝ ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကုတ်မြို့နယ်၊ ရွှေတောင်သာကျေးရွာသို့ သောက်သုံးရေဂါလန် ၂၈ဝဝ နှင့် သောက်ရေသန့် ဘူးကြီးများကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာအုပ်စု၊ ပေါက်သစ်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကလေးကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၃၁ဝဝ ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ ကင်းဆိပ်ကျေးရွာ၊ ပြည်မြို့နယ်၊ မအူကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ရေတွင်းလှကျေးရွာနှင့် အင်းတိုင်ကျေးရွာ၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ ပေါက်တောလှကျေးရွာနှင့် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာ၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မိဘမဲ့ ကလေးစောင့်ရှောက်ရေး ကျောင်း များသို့ သောက်သုံးရေဂါလန် ၁ဝ၅၄၃ ကိုလည်းကောင်း အသီးသီး သွားရောက် ဖြန့်ဝေလှူဒါန်းကြသည်။

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၅ တိုင်းတို့မှ သောက်သုံးရေဂါလန် ၂၈၉၄၃ နှင့် ရေသန့်ဘူးများကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 25 times Last modified on Wednesday, 15 May 2019 08:33