SJ WorldNews - шаблон joomla Авто

လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Wednesday, 15 May 2019 10:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အတွင်း မေ ၁၃ ရက် ညနေပိုင်းတွင် လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာရှိစာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းနှင့် နွားထိုးကြီးမြို့နယ်၊ ကြောင်နံ့သာ ကျေးရွာအုပ်စု၊ မင်းရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲတို့ရှိ ပြိုကျပျက်စီးမှုများအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများက အပျက်အစီးများ ပြန်လည်ရှင်းလင်း ဖယ်ရှားခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမိုးများ ပြန်လည် ပြုပြင်ပေးခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ ညောင်ပင်သာ ကျေးရွာ စာသင်ကျောင်းအတွက် သွပ် ၇၅ချပ်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

  (၁ဝဝ)

Read 33 times Last modified on Wednesday, 15 May 2019 10:55