SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 16 May 2019 08:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၁၅

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ အနော်ရထာ ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 28 times Last modified on Thursday, 16 May 2019 08:13