Print this page

ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၌ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး မူလဌာပနာတော်နှင့် အလယ်ဌာပနာတော် သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာ ပြုလုပ်

Thursday, 16 May 2019 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်နေရာ၌ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး မူလဌာပနာတော်နှင့် အလယ်ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာကို မေ ၁၃ ရက် နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိ ဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြု၍ သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်မြတ်ကြီး မူလဌာပနာတော်နှင့် အလယ် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာကိုပြုလုပ်ရာ လွိုင်လင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာဘဒ္ဒန္တပညာနန္ဒထံမှ တက်ရောက် လာကြသူများက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား သံဃာတော်များထံ ကပ်လှူကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည့် ပရိတ် တရားတော်များကို နာယူကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို စေတီ တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးနှင့် အလှူ ရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ  တရားတော်များ နာယူ ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

၎င်းနောက် ဘုရားဒါယကာ၊ ဒါယိကာမ များက မူလဌာပနာတော်နှင့် အလယ်ဌာပနာ တော်များကိုပင့်ဆောင်၍  စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် အပူဇော်ခံကာ မင်္ဂလာအချိန်၌ သတ်မှတ်ဌာပနာတိုက် အသီးသီးသို့ အဆင့်ဆင့်ပင့်ဆောင် ပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။     

  (၁ဝဝ)

Read 46 times Last modified on Thursday, 16 May 2019 08:18