Print this page

ပထမအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

Thursday, 16 May 2019 08:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၁၅

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက်ရောက်ပညာ သင်ယူကြမည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများနှင့် စစ်မှုထမ်း ဟောင်း မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ပထမအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ်သိန်း ပေါင်း ၃၅ဝ ကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့်  စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

 

Read 48 times Last modified on Thursday, 16 May 2019 08:30