SJ WorldNews - шаблон joomla Авто

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Thursday, 16 May 2019 08:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၁၅

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်  အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မေ ၁၄ ရက် နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ တူးမြောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၇၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၆၉ ဦး၊ ခွဲစိတ်ရောဂါ ၁၃၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၉၃ ဦး၊ ကလေး ရောဂါ ၁၃၈ ဦး၊ အရိုးရောဂါ ၃ဝ၈ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁ဝ၆ ဦး၊ မျက်စိရောဂါ ၃၁၆ ဦးနှင့် သွားရောဂါ ၂ဝ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၁ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၂၇ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၄၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

(၁ဝဝ)

Read 13 times Last modified on Thursday, 16 May 2019 08:44