SJ WorldNews - шаблон joomla Авто

တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Thursday, 16 May 2019 08:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်သို့ ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် တကောင်းမြို့နှင့် ပတ် ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို တကောင်းမြို့၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ကြာညှပ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို ကြာညှပ်ကျေးရွာ၌ လည်းကောင်း စုစုပေါင်း ဒေသခံပြည်သူ ၁၂၄၁ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၈၅ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၉ ဦး၊ ကလေးရောဂါ ၉၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈ဝ ဦး၊ အရိုးရောဂါ ၁၄၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၇၁ ဦး၊ မျက်စိရောဂါ ၂၄၅ ဦး၊ သွားရောဂါ ၁၃၇ ဦးနှင့် အထွေထွေ ရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၂၂ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၅ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်သို့ ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် တကောင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို တကောင်းမြို့၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ကြာညှပ် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို ကြာညှပ်ကျေးရွာ၌ လည်းကောင်း စုစုပေါင်း ဒေသခံပြည်သူ ၁၂၄၁ ဦးကို ကျန်းမာရေး  စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၂၈၅ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၉ ဦး၊ ကလေးရောဂါ ၉၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈ဝ ဦး၊ အရိုးရောဂါ ၁၄၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၇၁ ဦး၊ မျက်စိရောဂါ ၂၄၅ ဦး၊ သွားရောဂါ ၁၃၇ ဦးနှင့် အထွေထွေ ရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၂၂ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၅ ဦးတို့ကို ရွေ့လျားခွဲစိတ် ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေး သည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၁ ဦး၊ တယ်လီဗေးရှင်း ဓာတ်ရိုက်လူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၄၉ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 40 times Last modified on Thursday, 16 May 2019 08:59