SJ WorldNews - шаблон joomla Авто

ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်သို့ သွားရောက် လေ့လာ

Thursday, 16 May 2019 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၅

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၂ဝ ဦးတို့သည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်သို့ လေ့လာရေး ခရီးသွားရောက်ကြသည်။

ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများကို တပ်မတော်(လေ)မှ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများသည် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်ရှိ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရဟတ်ယာဉ်များ ပြခန်းအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တပ်မတော်(လေ)မှ  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်ပြီး ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ လေယာဉ်ပျံသန်းမှု အတွေ့အကြုံများ ရရှိစေရန် တပ်မတော်(လေ)မှ   သယ်ယူပို့ဆောင်ရေး လေယာဉ်များ ဖြစ်သော Y-8 လေယာဉ်၊ ATR-42နှင့် ATR-72 လေယာဉ်တို့ဖြင့် လက်တွေ့လိုက်ပါ စီးနင်းကြပြီး လေယာဉ်ပျံသန်း စီးနင်းရာတွင် လိုက်နာရမည့်အချက်များနှင့် လေကြောင်းဆိုင်ရာ အတွေ့အကြုံများကို တာဝန်ရှိသူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 15 times Last modified on Thursday, 16 May 2019 09:06