Print this page

လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း တို့မှ သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာ၊ ပင်လယ်ဝနှင့် သန်လျင်တပ်နယ်သို့ လေ့လာရေး သွားရောက်

Thursday, 16 May 2019 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၅

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်  ဖွင့်လှစ်သင်ကြားလျက် ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၆၄ဝ ဦးတို့သည် သင်တန်းနည်းပြများ/ သင်တန်း အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြစ်တွင်းမှ ပင်လယ်ဝသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် လေ့လာရေးခရီး သွားရောက်ကြသည်။

လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်များရှိ ရေယာဉ်ပိုင်းဆိုင်ရာ အချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ရေကြောင်းသွားလာရေး ဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ် ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အခြားသိသင့်သိထိုက်သည်များကို လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများသည် သန်လျင်တပ်နယ်ရှိ ရေတပ် သင်္ဘောကျင်း ဌာနချုပ်၊ ပြုပြင်ရေး ဌာနရှိ ပြုပြင်ရေး လွန်းလမ်းများပေါ်တွင် လွန်းတင်ပြင်ဆင်နေသော ရေယာဉ်များအား လေ့လာခြင်း၊ ဆိပ်ခံတံတားသို့ သွားရောက်၍ ရေယာဉ်များ အတင်အချပြုလုပ်သော Sychrolift အား သွားရောက်လေ့လာခြင်း၊ စက်ရုံ အလုပ်ရုံများဌာနရှိ စက်ပစ္စည်းများ၊ စက်များအား လေ့လာခြင်း၊ ရေယာဉ် တည်ဆောက်ရေး ဌာနရှိ Hullshop များအတွင်း တည်ဆောက်နေသော ရေယာဉ်များအား လေ့လာခြင်း ဆောင်ရွက်ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ထို့နောက်  ညနေပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ ရောက်ရှိလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 43 times Last modified on Thursday, 16 May 2019 09:15