SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ်၊ ဒါးပိန်(တောင်) ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 16 May 2019 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒါးပိန်(တောင်)ကျေးရွာရှိ  ဒေသခံပြည်သူများအား မေ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၉၇ ဦးကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ တုပ်ကွေးရောဂါ၊ ဆီးချို၊ သွေးချို ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 13 times Last modified on Thursday, 16 May 2019 09:43