Print this page

အမ်းမြို့၊ လေယာဉ်ကွင်း ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 16 May 2019 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ  ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၄ဝ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဓိကအား ဖူးမြော်၍ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။           

 (၁ဝဝ)

Read 34 times Last modified on Thursday, 16 May 2019 10:01