SJ WorldNews - шаблон joomla Авто

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Friday, 17 May 2019 09:04 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မေ ၁၃ ရက် ညနေပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ် အတွင်းရှိ ကျေးရွာများ၌ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ တပ်မတော်သားများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကနီမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် ကံဇိဘကျေးရွာများရှိ အပျက်အစီးများ ပြန်လည်ရှင်းလင်းဖယ်ရှားခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမိုးများ ပြန်လည်ပြုပြင်ပေးခြင်း စသည့်

ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

Read 24 times Last modified on Friday, 17 May 2019 09:08