SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာနှင့် ပန်းတောင်းမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 24 May 2019 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁ဝ၅ ဦးတို့အား သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော သူများအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခအား ဖူးမြော်၍ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ပန်းတောင်းမြို့နယ်၊ ကွင်းလှကျေးရွာအုပ်စု၊ ဂုံညှင်းတန်းကျေးရွာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူစုစုပေါင်း ၁၃၄ ဦးတို့အား အဆိုပါ ကျေးရွာရှိ ဧရာအနောက် မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော် (ဓမ္မရိပ်သာ)၌ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/

အကြောရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ ကျောက်ကပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောသူနှစ်ဦးအား ဥသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများက ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါ ရိပ်သာအား စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 25 times Last modified on Friday, 24 May 2019 08:42