SJ WorldNews - шаблон joomla Авто

ဗန်းမော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Sunday, 26 May 2019 09:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် သံတံတားကျေးရွာ၏ မြောက်ဘက်မီတာ ၂ဝဝ ခန့်အကွာ၌ စောင့်ဆိုင်းနေစဉ် စီအူဘက်မှ ဗန်းမော်ဘက်သို့ မောင်းနှင်လာသော Felling အမျိုးအစားလိုင်စင်မဲ့မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူမှာ   ဆိုင်ကယ်အားလှဲချထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ဆိုင်ကယ်နောက်တွင်ပါလာသော ဟန်ထက်ကျေးရွာနေ ဒေါ်မထု(ဘ) ဦးဒေါင်တန်သူထံမှ ဘိန်းဖြူ ၁၁ဝဝ ဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါး   ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၁ဝဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ  မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဗန်းမော်မြို့နယ်ရဲစခန်း၌  တရားဥပဒေအရ   အရေးယူနိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း   သတင်းရရှိသည်။ 

Read 32 times Last modified on Sunday, 26 May 2019 13:03