SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အနီး တရားမဝင်သစ်များ တင်ဆောင်လာသော လှေနှစ်စင်း ဖမ်းဆီးရမိ

Sunday, 26 May 2019 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်၁ နာရီ မိနစ် ၄ဝ ခန့်တွင် ဂဏန်းကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၁ မိုင်ခန့် အကွာနေရာ အရောက်၌ မသင်္ကာဖွယ်လှေနှစ်စင်းအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေနှစ်စင်းပေါ်မှ တရားမဝင်တောသစ် ၁၂ တန်ခန့်တင်ဆောင်လျက် ဦးမင်းဖြိုး(ဘ) ဦးသိန်းလွင် အပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိ တရားမဝင်သစ်များ၊ လှေများနှင့် ဖမ်းဆီးရမိသူများအား ကျွန်းစုမြို့၊ သစ်တောဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 36 times Last modified on Sunday, 26 May 2019 13:06