SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 26 May 2019 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အောင်မြန်မာကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင်  ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ကျေးလက် ကျန်းမာရေးရုံး၌  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်တစ်ပါးနှင့် ဒေသခံပြည်သူ ၁၃ဝ ဦးတို့အား အရိုး/အကြော ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Read 29 times Last modified on Sunday, 26 May 2019 13:04