SJ WorldNews - шаблон joomla Авто

မိုးမိတ်မြို့နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Sunday, 26 May 2019 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ ညောင်ပင်စောက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း၌    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၅၄ ဦးတို့အား သွားနှင့်ခံတွင်း ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 32 times Last modified on Sunday, 26 May 2019 09:33