SJ WorldNews - шаблон joomla Авто

သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသောကျေးရွာများသို့ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေလှူဒါန်း

Sunday, 26 May 2019 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၅

နှစ်စဉ် နွေရာသီတွင်    သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော  ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ   ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ   သွားရောက်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်း ကျေးရွာအုပ်စု၊ ဆယ်အိမ် တန်းကျေးရွာသို့     ရေသန့်ဘူးကြီးများကိုလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် က ပုသိမ်မြို့နယ်၊ ရွာဟောင်းကြီး ကျေးရွာအုပ်စု၊   ကျောက်ဖျာကျေးရွာနှင့်  ဖိုးရွှေမြကုန်းကျေးရွာများသို့  သောက်သုံးရေဂါလန်   ၂ဝဝဝ  ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမ်းမြို့နယ်၊ အောက်ရွာ ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၄၈ဝဝ နှင့် ရေသန့်ဘူးကြီးများကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာ၊ ရပ်ကွက်(၃)၊ အောင်ချမ်းသာရပ်ကွက်၊ ပန်းတောင်းမြို့နယ်၊ ကျားခြေရာကျေးရွာ၊ နှဖူးကျင်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်၊ အောင်ပင်လယ်ကျေးရွာများသို့ သောက်သုံးရေ ၅၁ဝဝ ဂါလန်နှင့်  ရေသန့်ဘူးကြီးများကို လည်းကောင်း  အသီးသီး သွားရောက် ဖြန့်ဝေလှူဒါန်းကြသည်။

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၄ တိုင်းတို့မှ သောက်သုံးရေဂါလန် ၁၁၉ဝဝ ဂါလန်ကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 33 times Last modified on Sunday, 26 May 2019 09:36