SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 26 May 2019 09:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ကျွန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၃၄ ဦး တို့အား သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ  ဆောင်ရွက်ပေးခြင်း၊ အာထရာဆောင်းစက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်း၊ECG စက်ဖြင့် နှလုံးစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောသူခြောက်ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဆီးချိုရောဂါ၊ သွေးတိုးရောဂါဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ ရပ်ကွက်(၁)နှင့် ပတ်ဝန်းကျင်ရပ်ကွက်ရှိ ဒေသခံပြည်သူ ၁၂၂ ဦးတို့အား အဆိုပါရပ်ကွက်ရှိ ဇိုင်ယန်ဘုရားရှိခိုးကျောင်း၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး

ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 34 times Last modified on Sunday, 26 May 2019 09:44