SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးမှုကြုံတွေ့ နေရသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်း

Wednesday, 05 June 2019 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်  

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါး မှုကြုံတွေ့နေရသော ပြည်နယ်နှင့်တိုင်းဒေသ ကြီးအချို့ရှိကျေးရွာများသို့    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်း ပေးလျက် ရှိသည်။

ထိုသို့ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကုတ်တပ်နယ်၊ မိချောင်းတိုး ကျေးရွာသို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်နှင့်သောက်ရေသန့်ဘူးကြီးများကိုလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊  ဘန့်ဘွေးကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်၊ ကုတင်ငါးဆင့်ကျေးရွာ၊ ပန်းတောင်းမြို့ နယ်၊ မသုန်ကျေးရွာနှင့် နဖူးကျင်းကျေးရွာများသို့ သောက်သုံးရေ ၅၃၇၈ ဂါလန်ကိုလည်းကောင်း  အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းသည်။

ရေလှူဒါန်းမှုအနေဖြင့် ယနေ့တွင်  တိုင်းစစ်ဌာနချုပ် ၂ ခုတို့မှ သောက်သုံးရေ ဂါလန် ၆၈၇၈ ဂါလန်ကို  လှူဒါန်း ပေးနိုင်ခဲ့ပြီး  အဆိုပါ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေလိုအပ်ချက် အပေါ် မူတည်၍  ဆက်လက်လှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Monday, 10 June 2019 14:28