Print this page

လဲချားမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

Wednesday, 05 June 2019 09:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၎

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၆၉၇ ဦးတို့ကို ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ အရေပြားရောဂါစစ်ဆေးပေးခြင်း၊ နား/နှာခေါင်း/လည်ချောင်းရောဂါ စစ်ဆေးပေးခြင်း၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါဆိုင်ရာများ စစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမ ၂၆ ဦး တို့ကို အဆုတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လဲချားမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား လဲချားမြို့၊ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံ၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 64 times Last modified on Monday, 10 June 2019 14:29