SJ WorldNews - шаблон joomla Авто

ဖာပွန်မြို့နယ်၊ မဲသလွတ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 06 June 2019 08:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၅

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲသလွတ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၃၄၅ ဦးကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဖာပွန်တပ်နယ်မှ တာဝန်ရှိသူများက အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမ ၁၆ ဦး အတွက် ကျောင်းဝတ်စုံ နှစ်စုံစီကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 38 times Last modified on Monday, 10 June 2019 14:22