SJ WorldNews - шаблон joomla Авто

အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက်ပြုလုပ်

Tuesday, 11 June 2019 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန်  ၁ဝ

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များကတောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကလေးမြို့နယ်၊ နန်းဗဟိုရ်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ လည်းကောင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 28 times Last modified on Tuesday, 11 June 2019 09:27