SJ WorldNews - шаблон joomla Авто

ပခုက္ကူမြို့ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာသစ်ကုန်း အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများ ပေးအပ်

Wednesday, 12 June 2019 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာသစ်ကုန်း အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ပခုက္ကူတပ်နယ်မှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက ကျောင်းဝတ်စုံများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆရာ၊ ဆရာမ ၄၆ ဦးအတွက် ကျောင်းဝတ်စုံများအား ပေးအပ်ရာ ဆရာ၊ဆရာမတစ်ဦးစီက  လက်ခံရယူကြသည်။

ထို့နောက် နယ်မြေခံ တပ်မတော်သားများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကျင်းများ တူးပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 20 times Last modified on Wednesday, 12 June 2019 08:36