SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ်၊ ပန်းတောင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Wednesday, 12 June 2019 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ပန်းတောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က  အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၃ဝ၅ ဦးနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၂၇ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြော ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတို့အကြောင်း ကျန်းမာရေး   အသိ ပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဆေးကုသရေးအဖွဲ့က ဇွန် ၁ဝ ရက် နံနက်ပိုင်းတွင်လည်း ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာရှိ ဒေသခံတိုင်းရင်း သားပြည်သူ ၂၁၅ ဦးကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 36 times Last modified on Wednesday, 12 June 2019 08:43