SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 12 June 2019 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမ ၁ဝ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅၁ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း    သတင်း ရရှိသည်။

(၁ဝဝ)

Read 31 times Last modified on Wednesday, 12 June 2019 08:44