SJ WorldNews - шаблон joomla Авто

အောင်မြေသာစံမြို့နယ်၊ နန်းမြို့တွင်းရှိ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 12 June 2019 08:44 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်  တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၆၈ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၈ဝ၄ ဦးတို့ကို မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ လည်ပင်းကြီး ရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု စစ်ပေးခြင်း၊ ကျောင်းဝင်းအတွင်းရှိ ရေကန် များကို အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်း နိုင်သောနေရာများတွင် ခြင် ဆေးဖျန်းခြင်း များဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသ ရေးအဖွဲ့က    သွေးလွန်တုပ်ကွေး ရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဆေးကုသရေးအဖွဲ့က မကွေး မြို့ရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်း ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၃၂၃ ဦးကိုလည်း လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။               

(၁ဝဝ)

Read 19 times Last modified on Wednesday, 12 June 2019 08:44