SJ WorldNews - шаблон joomla Авто

ကွမ်းခြံကုန်းမြို့နယ်၊ မေတ္တာကျေးရွာရှိ ဆင်မင်းတောရကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Wednesday, 12 June 2019 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၁

ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ကမာပါ ကျေးရွာ အုပ်စု၊ မေတ္တာ ကျေးရွာရှိ ဆင်မင်းတောရ ကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ သံဃာတော်လေးပါး၊ စစ်မှုထမ်း ဟောင်း အဖွဲ့ ဝင်များနှင့်မိသားစုဝင် ၄၂ ဦးနှင့် ဒေသခံပြည်သူ ၁၅ဝ ဦးတို့ကို မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊   အရိုး/ အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေ ထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန် တုပ်ကွေးရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဇောတိအား ဖူးမြော်၍   သင်္ကန်း၊ ဆွမ်းဆန်တော်၊  ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။                              

(၁ဝဝ)

Read 21 times Last modified on Wednesday, 12 June 2019 08:45