SJ WorldNews - шаблон joomla Авто

တောင်ငူမြို့ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့်သီတဂူအာယုဒါန ဆေးရုံတော် အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်း

Wednesday, 12 June 2019 08:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဇွန်   ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအာယုဒါန ဆေးရုံတော်(တောင်ငူ)အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၏ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်၌ပြုလုပ်ရာ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင် သာသနာပိုင် သီတဂူ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ  အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များနှင့်   စာသင်စာချ သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ)အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်းကြရာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် သီတဂူ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် စာသင်သံဃာတော်များအား သီတဂူဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်သည်။

¤င်းနောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက  စာသင်သံဃာများထံ စာရေးကိရိယာနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပြီး သီတဂူဆရာတော်ကြီး အမှူးပြုသော သံဃာတော်များအားအရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                        

(၁ဝဝ)

Read 33 times Last modified on Wednesday, 12 June 2019 08:56