SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံ တိုင်းရင်းသား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Wednesday, 12 June 2019 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာနေ ဦးရဲထွန်း(ဘ) ဦးတွဲလဲသည် ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ် ခန့်တွင် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ဖက်ဝန်း ချောင်းတောင်သို့ မျှစ်ချိုးရန် သွားရောက်စဉ် ကျေးရွာ၏အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့်   ဒေသန္တရနင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးရဲထွန်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား ကျောက်တော်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 40 times Last modified on Wednesday, 12 June 2019 09:02