SJ WorldNews - шаблон joomla Авто

မိတ္ထီလာမြို့နှင့် သပိတ်ကျင်းမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်

Thursday, 13 June 2019 09:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် သပိတ်ကျင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ဝါးဖြူတောင်)တို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းများ၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသရေး အဖွဲ့က  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၇ဝ၅ ဦးတို့အား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ် ဆေးခြင်း၊ အာထရာဆောင်းရိုက် စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်းရှိ  ရေကန်များအား (ABATE) ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများသို့ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်း ရရှိသည်။

(၁ဝဝ)

Read 20 times Last modified on Thursday, 13 June 2019 09:07