SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ

Thursday, 13 June 2019 12:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အောင်ဒိုင်ကျေးရွာနေ ဟူသွင်ရှော်ရီ (ဘ)ဂူရူမျှာသည် ယနေ့နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်တွင် နွားပျောက်ရှာရန် ထွက်ခွာလာစဉ် ၎င်းကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကျေးရွာ ချင်းဆက်လမ်းသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံးအား  နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား  မြောင်းဘွေတိုက်နယ် ဆေးရုံသို့  ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 25 times Last modified on Thursday, 13 June 2019 12:13