SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်နယ်များရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 20 June 2019 12:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၉

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ စာသင်ကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့များက ကျောင်း ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ သာဂရအခြေခံပညာ အထက်တန်းကျောင်းနှင့် ဆွာမြို့၊ အေးသုခကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၁၁ ဦးတို့ကို လည်းကောင်း၊ အုတ်တွင်း မြို့နယ်၊ ဗောဓိကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ၄ ဦးတို့ကိုလည်းကောင်း၊ ရွှေကျင်မြို့၊ အနောက်ဘက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ   ကျောင်းသား၊ ကျောင်းသူ ၄၁၅ ဦးတို့ကို လည်းကောင်း၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၂၁၇ ဦးတို့ကို လည်းကောင်း၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊   အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦးတို့ကို လည်းကောင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာ၊ တွဲဖက်အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၂၆ ဦးတို့ကိုလည်းကောင်း၊ ပန်းတောင်း မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၇၃ ဦးတို့ကို လည်းကောင်း၊ ဆင်စုရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ ၁၉ဝ ဦးတို့ကိုလည်းကောင်း၊   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း (သံတောင်ကြီး)ရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၅ ဦးတို့ကို လည်းကောင်း၊ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၄၉၂ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားစစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးကုသ ပေးခြင်း၊ ကျောင်းကျန်းမာရေး ပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တပ်နယ်အသီးသီးမှ တပ်မတော်သားများက စာသင်ကျောင်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာ များကို ခြင်ဆေးဖျန်းခြင်း၊ ကျောင်းသုံး ရေသိုလှောင်ကန်များ အတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်နယ်အသီးသီးမှ တပ်မတော်သားများက စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် မိသားစုဝင်များ၊ ပညာရေး ဝန်ထမ်းများကို တပ်မတော်သား မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ အသီးအရွက်နှင့် ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ကျောင်း အသီးသီးတွင် ရောင်းချပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 39 times Last modified on Thursday, 20 June 2019 12:29