SJ WorldNews - шаблон joomla Авто

လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည့်ဒလမြို့နယ်၊ သရောတန်းကျေးရွာ၌ ကူညီကယ်ဆယ်ရေး ဆောင်ရွက်

Thursday, 11 July 2019 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်   ၁ဝ

ရန်ကုန်တိုင်းဒေသကြီး၊    ဒလမြို့နယ်၊ သရောတန်းကျေးရွာ၌ ဇူလိုင် ၇ ရက် ညပိုင်းတွင်    လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာရှိ နေအိမ် ၁ဝ လုံးနှင့် အခြေခံပညာမူလတန်း လွန်ကျောင်းများ၏ အမိုးမျက်နှာကြက်များ ပျက်စီးခြင်း၊ ကျောင်းဝင်းနှင့်ကျေးရွာအတွင်းရှိ သစ်ပင်များလဲကျခြင်း၊ ရွာလယ်တံတား ကျိုးပဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ  လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာသို့ ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ဒလတပ်နယ်မှ    တပ်မတော်သားများက သွားရောက်၍ နေအိမ်များနှင့် ကျောင်းရှိ အမိုးလန်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ လဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းနှင့် ရွာလယ်တံတား ကျိုးပဲ့ပျက်စီးမှုများအား  ပြန်လည်ပြုပြင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 17 times Last modified on Thursday, 11 July 2019 09:20