SJ WorldNews - шаблон joomla Авто

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

Thursday, 11 July 2019 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁ဝ

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများနှင့် နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ်များနှင့် ဆောင်းပါးဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်ကျောင်း များတွင် အောင်ချက်အကောင်းဆုံး ဒုတိယဆု ရရှိသည့် အမှတ်(၂)ပညာရေးကျောင်းနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဂုဏ်ထူးရကျောင်းသူတစ်ဦးက ဆုရရှိသူကျောင်းသား၊ ကျောင်းသူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင်   ၆ ဘာသာဂုဏ်ထူးရှင်ကိုးဦး၊     ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊  ၄ ဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၃၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၅၁ ဦး၊ စာမေးပွဲအောင်မြင်သူ ၈၉ဝ ဦး၊ ဘက်စုံထူးချွန်ဆုရှင် ငါးဦးနှင့်  နိုင်ငံတော်အဆင့် ဆောင်းပါးပြိုင်ပွဲဆု ရရှိသူတစ်ဦးတို့ အား  ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 32 times Last modified on Thursday, 11 July 2019 09:24