SJ WorldNews - шаблон joomla Авто

သံတောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

Friday, 12 July 2019 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ တပ်မ တော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစု များ၊   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ဇူလိုင် ၁ဝ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို  ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။       

Read 12 times Last modified on Friday, 12 July 2019 08:49