SJ WorldNews - шаблон joomla Авто

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

Friday, 12 July 2019 08:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက ဇူလိုင် ၁ဝ ရက် မွန်းလွဲပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့၊ နယ်မြေခံတပ်ရင်းရှိ သူရငွေထွန်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Friday, 12 July 2019 08:51