SJ WorldNews - шаблон joomla Авто

မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Friday, 12 July 2019 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ သမိုင်းဝင် ကျိုက္ကလော့စေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ မြေနိမ့်သောနေရာများမြေဖို့ခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးသည်။

အလားတူ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း ကျေးရွာရှိ ပါရမီဖြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများတူးဖော်ပေးခြင်း၊ ရေဝပ်သော နေရာများအား မြေဖို့ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို မှော်ဘီတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 25 times Last modified on Friday, 12 July 2019 08:53