SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော စစ်သည်များနှင့် ကျောင်း သား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်

Friday, 12 July 2019 10:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တကသိုလ်ဝင် စာမေးပွဲတွင်ူးချွန်စွာ အောင်မြင် ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများနှင့်  ဘက်စုံ ထူးချွန်ဆု ရရှိသူ များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ချီးမြှင့်ငွေများ ထပ်ဆင့် ပေးအပ် ခြင်းနှင့် တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြု ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်း သူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်တွင် ဘက်စုံထူးချွန်ဆုရရှိသူ ငါးဦး၊ တက်္ကသိုလ်ဝင် စာမေးပွဲ၌ ၆ ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃၀ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊  ၂ ဘာသာဂုဏ်ထူးရှင် ၅၂ ဦး၊  ၁ ဘာသာဂုဏ်ထူးရှင် ၁၄၇ ဦးနှင့် စစ်သည် နှစ်ဦး၊ ရိုးရိုးအောင်မြင်သူ ၃၉ ဦးတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ  အသီးသီးပေးအပ် ချီးမြှင့်သည်။ ယနေ့ပြုလုပ်သော အခမ်းအနား၌    တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၁၃၀ ကျော် ဖြစ်ကြောင်း သတင်းရရှိသည်။

............

Read 16 times Last modified on Friday, 12 July 2019 10:13