SJ WorldNews - шаблон joomla Авто

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

Friday, 12 July 2019 10:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင် ၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သော စစ်သည်များ၊  တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစု ၀င်သားသမီး ကျောင်းသား၊ ကျောင်းသူများ နှင့်  ဘက်စုံပညာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းတောင်ခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဆန်နီအုန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်  ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို  ဆက်လက်ပြုလုပ်ရာ  ၂၀၁၈-၂၀၁၉  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ၆ ဘာသာဂုဏ်ထူးရှင် လေးဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် လေးဦး၊ ၃ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် လေးဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦးနှင့် စစ်သည်ခြောက်ဦးနှင့်   ဘက်စုံထူးချွန်ဆုရှင်  သုံးဦးတို့အား ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြု ဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း  သတင်းရရှိသည်။                              

 

Read 27 times Last modified on Friday, 12 July 2019 10:03